Saturday 28 November 2009

မြို့ရွှေကျင်

ရွှေကျင်မြို့ဟု ပြောမိတိုင်း လူအများစု၏ ထူးဆန်းစွာကြည့်ခြင်းကို ခံရစမြဲပါ......။ ရွှေကျင်သားဟု ပြောမိတိုင်း လူတိုင်း၏ အံ့သြစွာမေးခြင်းကို ခံရစမြဲပါ......။ ရွှေကျင်_ မြို့ရွှေကျင် လုံးဝကို အပြစ်ကင်းစင်ပြီး နှစ်လို ဖွယ်ကောင်းတဲ့ တောင်ပေါ်မြို့လေးပေါ့။ အေးမြတဲ့လေပြေ၊ နွေးထွေးတဲ့ တောရိပ်၊ ကြည်လင်သောစမ်းချောင်း၊ ....... အားလုံးဟာ မမေ့နိုင်စရာ မြင်ကွင်းတွေကြီးပါပဲ။ အရှေ့ရိုးမ တောင်တန်းကြီးကို နောက်ခံထားပြီ သမာရိုးကျပဲ ရှင်သန်နေတဲ့ မြို့လေးပါ။ စစ်တောင်းမြစ်ရဲ့ အရှေ့ဘက်ခြမ်း၊ ရွှေကျင်ချောင်းကလဲ ဘေးကခြံရံလို့ အားလုံးဟာ ညင်ညင်သာသာပါပဲ။ ရွှေကျင်ချောင်းဆိုတာက တောင်ကျချောင်းလေး တစင်းပေါ့။ စမ်းချောင်းလေးတွေက အရင်းခံကာ ပေါင်းစပ်စီးဆင်းရင်း ရွှေကျင်ချောင်းဆိုပြီ ဖြစ်လာတာလေ။ ဆယ်နှစ်ရာသီ ပတ်လုံး တာဝန်ကျေကျေ စီးဆင်းလို့နေလျှက်ပေါ့။ ကြည်လင်သော ရေပြင်ကိုပိုင်ဆိုင်တရ်၊ အေးချမ်းတဲ့ အတွေ့ အထိကို ရရှိနိုင်တရ်။ မြို့ရွှေကျင်ရဲ့ အထိဋ်အထိပ် ဘုရားကြီးကိုလဲ ဖူးမြော်ရင်း ဘုရားကြီးခြေတော်ရင်းက စီးဆင်းလျှက်ရှိတာ ရွှေကျင်ချောင်းပေါ့။

0 comments:

ဒီဇိုင်း : Free Skin For Myanmar Bloggers