Saturday 28 November 2009

ရွှေကျင်မီးမျောပွဲတော်....

ရွှေကျင်မြို့က ပဲခူးတိုင်း စစ်တောင်းမြစ် အရှေ့ဘက်ကမ်း၊ ရွှေကျင်ချောင်းဘေးမှာ တည်ရှိပါတရ်။ ရန်ကုန်မြို့မှ အရှေ့ မြောက်ဘက် မိုင်၁၀၀လောက် ဝေးပါတရ်။ ပဲခူးတိုင်း အရှေ့ခြမ်း အရှေ့ရိုးမတောင်ခြေမှာ ရှိပါတရ်။ နှစ်စဉ် မီးမျှော ပူဇော်ပွဲ လုပ်လာတာ အကြိမ်ပေါင်း ၁၅၆ ကြိမ်ကျော်ရှိပါပြီ။

သီတင်းကျွတ် လပြည့်နေ့ နံနက်ကစလို့ ဆွမ်းတော်ကြီးကပ်လှူပွဲ စတင်ပါတယ်။ လပြည့်ကျော် ၁ရက်နေ့ မှာတော့ ရွှေကျင်ချောင်းမှာ ရှင်ဥပဂုတ္တ ပူဇော်ပွဲနဲ့အတူ မီးမျောပွဲကို ကျင်းပကြတရ်လေ။ စတင်ကျင်းပ တာကတော့ သီတင်းကျွတ် လဆန်း၈ရက် နေ့ကတည်းကပါ။ ရှင်ဥပဂုတ္တ ပူဇော်ပွဲအဖြစ် လှည့်လည် ပူဇော်ခံပါတရ်။ ဒါကို ကုန်းပွဲလို့ ခေါ်ကြတရ်ဗျ။ ရေပွဲ အဖြစ်ကတော့ ရှင်ဥပဂုတ္တ ရဟန္တာအရှင်မြတ်ကို ကရ၀ိက်ဖောင် ပေါ်တင်ပြီး လှည့်လည်ပူဇော်ခြင်းဖြစ်ပါတရ်။

အဲလိုပူဇော်ပြီး ပွဲတော်အဓိကနေ့ လပြည့်ကျော် ၁ရက်နေ့မှာ ရွှေကျင်ချောင်းထဲမှာ တက်ခုတ်ယိမ်း၊ တက်ပျံယိမ်း၊ ကရင်ဒုံးယိမ်းစတဲ့ အကအဖွဲ့များက လှေများနဲ့ ပါဝင်ကပြဖျော်ဖြေ ယှဉ်ပြိုင်ကြပါတရ်။ ဆုပေးပွဲရှိလို့ အလွန် စည်ကားလှပါတရ်။ သောင်ပြင်တစ်ခုလုံးလဲ ကျေးလပ်ရွာလေးတွေမှ ရွာသူရွာသားတွေရော၊ မြို့အသီးသီးမှ လာရောက်လည်ပတ် ကြည့်ရူကြသော ဧည့်သည်များနဲ့ စည်းကားလျှက်ရှိတရ်ပေါ့။ ဒီအချိန် ရွှေကျင်ချောင်းနဲ့ စစ်တောင်းမြစ်ကြီးကတော့ ဆီမီးပေါင်း ထောင်သောင်းကို ရင်ခွင်ပိတ်လို့ ညင်သာစွာ စီးဆင်လို့နေပြီလေ။ လမင်းကြီးကလဲ သာယာလို့ပေါ့။ သောင်ပြင် ဆိုင်တန်းလေးတွေကလဲ တကြော်ကြော် အော်ခေါ်လို့ မိတ်ဆွေ အပေါင်းကို စိတ်ချမ်းသာမှုတွေ ပေးနေလေရဲ့။ လရောင်အောက်က ချစ်သူ စုံတွဲလေးတွေရဲ့ ရင်တွင်း စကားသံတွေ။ မိတ်ဆွေ အသစ်လေးတွေနဲ့ ခဏတာ ပျော်ရွှင်ဖူးကြတဲ့ ပွဲတော်ညရဲ့ ရင်ခုန်သံတွေ။ အားလုံးဟာ မမေ့နိုင်စရာ မြင်ကွင်းလေးတွေပါပဲ။

လပြည့်ကျော် ၁ရက်နေ့ည နေရောင်ကျချိန်မှာ ရွှေကျင်ချောင်း တစ်လျှောက် မီးရောင်လေးတွေ လင်းလက်လို့ လာပါတော့တရ်။ ဟိုဆီ ဒီဆီက မျှောလိုက်တဲ့ မီးဖောင်လေတွေကြောင့် ရေပြင်တံလျှပ်မှာ ထင်ဟပ်လို့နေတာ ကြည်နူးစရာပါပဲ။ ချောင်းပြင်တစ်ခုလုံး မီးရောင်ပြည့်နေသလို ကောင်းကင်မှာလဲ မီးရှူးနဲ့ အလှဆင်နေကြပါတရ်။ ဒါကတော့ ရွှေကျင် မီးမျှော ပွဲတော်ပေါ့လေ။ မိတ်ဆွေအပေါင်းတို့ကို လှိုက်လှဲ ပျူငှာစွာ မိတ်ခေါ်ပါတရ်နော်။ ကျနော်တို့ရဲ့ ပွဲတော်ညရဲ့ ရင်ခုန်သံများကို နားဆင်ရင်း မိတ်ဆွေအသစ်လေးများနဲ့ ပျော်ရွှင်ကြည်နုးကြပါစေ။

0 comments:

ဒီဇိုင်း : Free Skin For Myanmar Bloggers